"Tutorial Hell" ကနေ ဘယ်လိုရုန်းထွက်မလဲ?
တစ်ခုပြီးတစ်ခု သင်နေပေမယ့် ဘာတစ်ခုမှ တကယ်အသုံးချနိုင်တဲ့အဆင့် မရောက်တာမျိုး၊
ဝင်ငွေလည်းမရှာနိုင်၊ ကိုယ်ပိုင် Product တစ်ခုလည်း မဖန်တီးနိုင်တာမျိုးဟာ
Programming နယ်ပယ်မှမဟုတ်ဘဲ ဘယ်ပညာရပ်ကို သင်သင် ကြုံတွေ့ရပါတယ်။
အဲ့ဒါကို Tutorial Hell လို့ခေါ်တယ်။ ................................
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဒီနှစ်ခုပဲ လိုအပ်ပါတယ်။
အဲ့ဒါတွေကတော့ ပြင်းပြတဲ့စွဲလမ်းမှု (Obsession) နဲ့ တစ်စိုက်မတ်မတ်လုပ်ဆောင်မှု (Consistency)။
Obsession ဆိုတာ အပျက်သဘောဆောင်တဲ့ စိတ်အစွဲအလမ်းကို ဆိုလိုတာမဟုတ်ပါဘူး။
ကိုယ့်ရဲ့ပန်းတိုင်၊ ကိုယ်တကယ်ဖြစ်ချင်တဲ့အရာအပေါ်မှာ အမြဲတမ်း အာရုံစိုက်နေတာ၊
အိပ်နေလည်းဒီစိတ်၊ နိုးနေလည်းဒီစိတ်နဲ့ ပြင်းပြင်းပြပြ အာရုံစိုက်နေတာကို ဆိုလိုတာပါ။
ဒါဟာ ၁ နှစ်၊ ၂ နှစ်၊ ၃ နှစ် ကြာသည်အထိတောင် ဖြစ်နိုင်ပါတယ်။ ................................
Consistency နဲ့ ပုံမှန်လုပ်ဆောင်ပါ
Consistency ဆိုတာကတော့ နေ့စဉ်ပုံမှန် လုပ်ဆောင်နေခြင်းပါပဲ။
အောင်မြင်မှုရဲ့ အခြေခံအကျဆုံး နိယာမတစ်ခုပါ။ လူအများစု မှားတတ်တာကတော့ ဒီအချက်ပါပဲ။
ဒီနေ့ Python နည်းနည်းလေ့လာတယ်၊ နောက်နေ့ကျတော့ Web Design ကို စိတ်ဝင်စားလို့ HTML, CSS ကို ခဏလေ့လာတယ်၊
နောက်တစ်နေ့မှာ Mobile App လုပ်ချင်စိတ်ပေါက်လို့ Flutter ကို လေ့လာပြန်တယ်။
ဒီလိုမျိုး ဟိုစပ်စပ်ဒီစပ်စပ်လုပ်နေရင် ဘယ်တစ်ခုမှ ကျွမ်းကျင်တဲ့အဆင့်ကို ရောက်လာမှာမဟုတ်ပါဘူး။ ...................................
ပညာရေးဖြစ်စေ၊ စီးပွားရေးဖြစ်စေ၊ အနုပညာဖြစ်စေ၊ ဘယ်နယ်ပယ်မှာမဆို
သင်ခန်းစာအသစ်တွေ တစ်ခုပြီးတစ်ခု လိုက်လေ့လာနေတာကို ခဏရပ်ပြီး၊
သင့်ကို တကယ်ဖြစ်ချင်တဲ့၊ သင့်ရဲ့ "Obsession" ဖြစ်လာနိုင်မယ့် နယ်ပယ်တစ်ခုကို အရင်ဆုံးရွေးချယ်ပါ။
ပြီးရင်တော့ အဲ့ဒီအပေါ်မှာပဲ ဇွဲနဘဲနဲ့ တစ်စိုက်မတ်မတ် ကြိုးစားလိုက်ပါ။